Padauk & Co. | From Myanmar With Love

View Original

Shopping & Ordering | Available Payment Methods

Our platform accepts various payment methods that customers can use when making a purchase.

We strive to become a global platform, proudly featuring over 1000 products including personalized clothing, accessories, arts & crafts, household products, and traditional Myanmar (Burmese) food products. Simply put, we are the go-to place for everything Myanmar for Myanmar diaspora around the world and those who are intrigued by Myanmar’s rich culture and heritage.

As such, our mission and vision are to ensure that our platform is optimized for usability, security, product selection, price and customer service.

We currently accept all major payment methods including Visa, MasterCard, American Express, JCB and Discover Credit Cards, Digital Payment methods such as PayPal, Apple Pay, Venmo and Zelle as well as payment service provided Afterpay where qualifying purchases now and pay for them in four payments made every two weeks over a six-week period without interest.

 Any Visa or MasterCard Debit and Prepaid Cards can be used to make purchases as well.

 Only one form of payment can be processed for each order and all online transactions must be linked to a billing address. Please make sure you’re inputting the cardholder’s name and the billing address just as it appears in your Credit/Prepaid/Debit card details.

Please note that certain limitations and conditions may apply based on the location, market and user.

We are working hard to add additional payment methods in the coming months including Digital Currency and Cryptocurrency payments, for the convenience of our valued customers.


Banyan Canopy မှာ စျေးဝယ်တဲ့အခါ ဘယ်လို ငွေပေးချေမှု ပုံစံတွေ အသုံးပြုလို့ ရနိုင်လည်းဆိုတာကို ရှင်းပြပေးသွားမှာ ဖြစ်ပါတယ်။

www.banyancanopy.com ဟာ ကမ္ဘာတစ်ဝန်းမှာ နေထိုင်လျက်ရှိတဲ့ မြန်မာနွယ်ဖွားများနဲ့ မြန်မာ့ရိုးရာနဲ့ ယဉ်ကျေးမှု အနုပညာကို စိတ်ဝင်စား မြတ်နိုးတတ်တဲ့ လူမျိုးခြား မိတ်ဆွေ customer များအတွက် အ၀တ်အထည်များ၊ အိမ်အလှဆင် ပစ္စည်းများ၊ မြန်မာ့ အနုပညာလက်ရာ ပစ္စည်းများ၊ အိမ်သုံးနဲ့ တကိုယ်ရေသုံး ပစ္စည်းများနဲ့ မြန်မာ့ရိုးရာ အစားအသောက်များ အပါအဝင် ကုန်ပစ္စည်း အမျိုးအစားပေါင်း (၁၀၀၀) ကျော်ကို ဂုဏ်ယူစွာနဲ့ ရောင်းချပေးလျက် ရှိနေပါတယ်။

ဒါကြောင့်လည်း Banyan Canopy ရဲ့ ခံယူချက်နဲ့ ရည်မှန်းချက်ဟာ customer တိုင်းအတွက် အသုံးပြုရ အလွယ်ကူဆုံး၊ နည်းပညာပိုင်း လုံခြုံမှုအရှိဆုံး၊ ရွေးချယ်စရာ ကုန်ပစ္စည်း အစုံလင်ဆုံး၊ ဈေးနှုန်းမှန်ကန်မှု အရှိဆုံးနဲ့ ဝန်ဆောင်မှု အကောင်းဆုံးသော မြန်မာ E-commerce စတိုး ဖြစ်လာစေဖို့ အစွမ်းကုန် ဆောင်ရွက်နေပါတယ်။

ကမ္ဘာတစ်ဝန်းက Customer များ Banyan Canopy မှာ စျေးဝယ်တဲ့အခါ အဆင်ပြေလွယ်ကူစေဖို့ နိုင်ငံတကာမှာ လက်ခံသုံးစွဲနေတဲ့ VisaMasterCardAmerican ExpressJCBDiscover Card Credit Card များ၊ Digital Payment ပုံစံများဖြစ်တဲ့ PayPalApple Pay ၊ Venmo နဲ့ Zelle တို့အပြင် ကျသင့်ငွေ ပေးချေမှုကို ၄ ကြိမ်ခွဲပြီး ပြုလုပ်နိုင်တဲ့ Afterpay ဝန်ဆောင်မှုတို့ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Visa နဲ့ Master Card တံဆိပ်ပါတဲ့ Debit Card နဲ့ Prepaid Card များအားလုံး အသုံးပြုလို့ရနိုင်ပါတယ်။

Checkout ပြုလုပ်ရာမှာ ငွေပေးချေမှုစနစ် တစ်ခုကိုသာ အသုံးပြုနိုင်မှာဖြစ်ပြီး အသုံးပြုမယ့် ကဒ်ပြားပေါ်က နာမည် အပြည့်အစုံနဲ့ မှတ်ပုံတင်ထားတဲ့ နေရပ်လိပ်စာတို့ကို အတိအကျ ထည့်သွင်းအသုံးပြုရပါမယ်။

အသုံးပြုတဲ့ ဝန်ဆောင်မှု၊ စျေးကွက်နဲ့ သုံးစွဲသူ အပေါ်မူတည်ပြီး ကန့်သတ်ချက်များ ရှိနိုင်တယ်ဆိုတာကိုတော့ သတိပြုစေချင်ပါတယ်။

မကြာမှီ ကာလအတွင်းမှာလည်း Digital ငွေကြေး၊ Cryptocurrency နဲ့ ပေးချေမှုအပါအဝင် ယခုထက် ပိုမိုကျယ်ပြန့်များပြားတဲ့ ငွေပေးချေမှုစနစ်များနဲ့ ချိတ်ဆက်ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။